Movies

7
Okaasan ore wa daijoubu
0

Okaasan ore wa daijoubu

''Okaa-san Ore wa daijoubu'' ''အမေ သားအဆင်ပြေပါတယ်'' IMDB rating-8.6 (review မဖတ်ပဲကြည့်ရင် ပိုကောင်းပါတယ်) လူတစ်ယောက်မှာ မနက်ဖြန်ဆိုတာ ရှိသေးသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိပါသေးတယ်တဲ့ အထက်တန်းကျောင်းသားလေး ရိုဟေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးနှောက်အကျိတ်ကင်ဆာဆိုတဲ့ ကြောက်စရာ ရောဂါဆိုးကြီးကို ခံစားခဲ့ရပါတယ် မျှော်လင့်ချက်ဆိုတဲ့ အရာကိုမျှော်လင့်ဖို့တောင် မျှော်လင့်ချက်မရှိတော့တဲ့ကျောင်းသားလေး ရိုဟေးဟာ သူ့ရဲ့ကျန်ရှိသေးတဲ့ နေ့ရက်လေးတွေကို ဘယ်လိုမျိုးအသုံးချသွားသလဲဆိုတာကို ပရိသတ်တို့ အနေနဲ့ ကြည်နူးတစ်လှည့် ဝမ်းနည်းတစ်ခါ ရှုစားကြရမှာပါ ၅၂၈ ချစ်မေတ္တာ မိဘနဲ့သားသမီးကြားက ယုံကြည်မှု အနစ်နာခံမှုတွေ သားလိမ္မာတစ်ဦးရဲ့ သိတတ်မှု သူငယ်ချင်းကောင်းတွေ ဆိုတာ ဘယ်လိုမျိုးလဲ ကိုယ့်ရဲ့ တစ်ဘဝစာ ချစ်ရတဲ့ သားလေး ဒီလောကထဲကနေ ထွက်သွားရတော့မယ် ဆိုတာ သိလိုက်ရတဲ့ မိဘနှစ်ပါးရဲ့ အခိုက်အတန့် ရသပေါင်းစုံကို တစ်ကားတည်းနဲ့ ခံစားသွားရအောင် လုပ်ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ ...
Anonymous Noise
10

Anonymous Noise

"Fukumenkei Noise/Anonymous Noise" မြန်မာစာတန်းထိုးဂျပန်ရုပ်ရှင် အရိဆုဂဝ နိနို နဲ့ ခိရု မိုမို တို့ဟာ ငယ်ငယ်တုန်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပေမယ့် ကံကြမ္မာက သူတို့ကို ရှင်ကွဲကွဲစေခဲ့ပါတယ် ဒါပေမယ့် မိုမို က နိနို ကို စကားတစ်ခွန်းပြောသွားခဲ့ပါတယ် "နိနို ရဲ့ အသံက ငါတို့နှစ်ယောက်ကို ပြန်ပြီးဆုံဆည်းစေနိုင်မယ့် သင်္ကေတလေးတစ်ခုပဲ"တဲ့ နိနို ဟာ ဒီစကားကို ယုံကြည်ရင်းနဲ့ပဲ သူ့အသံဟာ သူနဲ့မိုမိုနဲ့ကို ပြန်ပြီးဆုံဆည်းစေနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲ သီချင်းတွေ အမြဲတမ်းဆိုနေခဲ့ပါတယ် သို့သော် သူဟာ စိတ်ရောဂါကြောင့်ပဲလားမသိ မျက်နှာဖုံးမတပ်ထားရင် အသက်ရှူကြပ်တဲ့ရောဂါကို ခံစားနေခဲ့ရပါတယ် ဒီလို ဝေဒနာတွေကို သက်သာအောင်လုပ်ပေးခဲ့သူကတော့ သူ ကမ်းခြေမှာ ဆုံစည်းခဲ့ရတဲ့ထူးထူးဆန်းဆန်းကောင်လေး ယုဇု ပါပဲ သို့သော်လည်း နိနို ဟာ ယုဇု ...
My Teacher
0

My Teacher

Sensei! မြန်မာစာတန်းထိုး ဂျပန်ရုပ်ရှင် အချစ်ဆိုတဲ့အရာကို တစ်ခါမှ ခံစားဖူးခြင်း မရှိခဲ့သေးတဲ့ ကျောင်းသူလေးတစ်ယောက်ပေါ့ " မင်းနဲ့ကျမှ ချစ်တတ်ပြီ" ဆိုသလိုမျိုး အဲ့ဒီ့ "မင်း" ဆိုတဲ့ နေရာကို ဝင်လာခဲ့တဲ့သူက ကိုယ့်ရဲ့စာသင်ခန်းထဲက ဆရာတစ်ယောက်ဖြစ်နေခဲ့တဲ့အခါ… အပြင်ပန်းပုံစံက မာမာတည်တည် ခက်ထန်တယ်လို့ထင်ရပေမယ့် အတွင်းမှာတော့ နွေးထွေးတဲ့နှလုံးသား ပျော့ပျောင်းတဲ့စိတ်ထားနဲ့ အထက်တန်းကျောင်းဆရာတစ်ယောက်ကိုပေါ့ ငယ်ရွယ်ပြီး ပွင့်လင်းတတ်တဲ့အရွယ်မို့လို့ ဆရာ့အပေါ်ကိုချစ်မိနေပြီဆိုတာကို ရိုးရိုးသားသားပဲဖွင့်ပြောမိခဲ့ပါတယ် ဒါပေမယ့်… ဆရာ နဲ့ ကျောင်းသူ ဆက်ဆံရေးဆိုတဲ့ အရာက နှစ်ဦးကြားထဲ တံတိုင်းကြီးတစ်ခုအဖြစ်ကာရံထားတော့ ဆရာလေးကလည်း ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ပြဖို့ ခက်ခဲနေခဲ့တဲ့အခါ… သူတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းလေး ပန်းခင်းလမ်း ကဲ့သို့ဖြောင့်ဖြူးသွားနိုင်ပါ့မလား… ကံတရားကပဲ နှစ်ဦးသားကို ရက်စက်စွာနဲ့ပဲ ရှင်ကွဲ ကွဲစေသွားမလားဆိုတာ… ရှိမဒ ဟိဘိကိ ဟာ တောင်ပိုင်းအထက်တန်းကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသူလေးတစ်ယောက်ပါ။ရိုးလည်းရိုးသားသလို နမော်နမဲ့နိုင်တဲ့ကျောင်းသူလေးတစ်ယောက်ပေါ့။တစ်နေ့မှာတော့ သူဟာ သူ့သူငယ်ချင်းတစ်ယောက်ကိုရည်းစားစာထည့်ပေးဖို့ကူညီရင်းကနေ နမော်နမဲ့နဲ့ နေရာမှားထည့်မိပြီး အဲ့ဒီစာဟာ ကျောင်းမှာ ရိုးရိုးအေးအေးနေတတ်တဲ့ အိတို ဆိုတဲ့ဆရာတစ်ယောက်ဆီရောက်သွားတဲ့အခါ.... ဂျပန် အချစ်ကားလေးတွေ ဆရာနဲ့တပည့်ချစ်ဇာတ်လမ်းလေးတွေ နှစ်သက်တဲ့သူတွေ ကြည့်ရှုလို့ရပြီဖြစ်ပါကြောင်း Hibiki Shimada, a ...
Psychic Kusuo
0

Psychic Kusuo

Saiki Kusuo no Ψ Nan (The Disastrous Life of Saiki) ဆအိကိ ခုဆုအို ဟာ သူမွေးကတည်းက အရမ်းအစွမ်းထက်တဲ့ စိတ်စွမ်းအင်တွေကိုပိုင်ဆိုင်ထားသူပါ စိတ်မထင်ရင် အတွင်းအားလေးနည်းနည်းသုံးပြီး တိုကျိုမြို့ပါ ကောက်ဖျက်လိုက်လို့ရပါတယ် ဒါပေမယ့် သူဟာအဲ့ဒီ့အစွမ်းတွေကြောင့် သာမန်လူတွေနေသလို မနေနိုင် တလွဲတချော်တွေဖြစ်နေတဲ့အတွက် ဒုက္ခအကြီးအကျယ်ရောက်နေရပါတယ် တစ်နေ့မှာ ဆအိကိ တက်ရောက်နေတဲ့ကျောင်းက အနုပညာပွဲတော်လုပ်ဖို့ စီစဉ်လိုက်ကြပါတယ် ဒါပေမယ့် ပြဿနာတစ်ခုခုတက်ရင် နောက်နှစ်မှာ အဲ့ဒီံအနုပညာပွဲတော် ကျင်းပခွင့်ပိတ်သိမ်းခံရတော့မှာပါ အဲ့တော့ ဆအိကိ တစ်ယောက် အဲ့ဒီ့နေ့မှာဖြစ်မယ့် ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား ဆိုတာကို ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ Yamazaki Kento က ဆအိကိ ခုဆုအိုအဖြစ်ပါဝင်သရုပ်ဆောင်ထားတာမို့မကြည့်မဖြစ်ကြည့်လိုက်ပါအုန်းခင်ဗျ To the average person, psychic abilities might seem a blessing; for Kusuo ...
The 8-Year Engagement
7.3

The 8-Year Engagement

"ကျွန်တော်သူ့ကို လက်ထပ်မယ်လို့ကတိပေးထားခဲ့တယ်ဗျ တကယ်လို့ သူသတိရလာလို့ သူ့ဘေးမှာ ကျွန်တော်မရှိလို့ ကျွန်တော့်ကိုရှာနေရင် ဘယ်လိုလုပ်မလဲ ကျွန်တော့်ကို သူ့ဘေးနားမှာစောင့်ရှောက်နေခွင့်ပဲပေးပါ သူ အခက်ခဲဆုံး ဒုက္ခအရောက်ဆုံးဖြစ်နေချိန် သူ့အနားမှာ ကျွန်တော်ရှိနေချင်တယ်" ဒါပေမယ့် သူမ နိုးထလာတဲ့အချိန်မှာတော့…… The 8 year Engagement(8-nen goshi no hanayome) "ရှစ်နှစ်ကြာချစ်သစ္စာ" မြန်မာစာတန်းထိုး ဖြစ်ရပ်မှန်ဂျပန်ရုပ်ရှင် ဟိဆရှိ နဲ့မိုင်းတို့ဟာ သောက်ပွဲစားပွဲတစ်ခုမှာ မမျှော်လင့်ပဲ တွေ့ဆုံကြခဲ့တာပေါ့ စကားနည်းနည်း အေးအေးဆေးဆေးနေတတ်တဲ့ လူရိုးကြီး ဟိဆရှိ အဲ့လိုကြီးနေနေတာကို ကောင်မလေး မိုင်းက မျက်လုံးထဲဘဝင်မကျတာနဲ့ မနေနိုင်လို့ လိုက်ပြီးပြောရာကနေ အချစ်တစ်ခုမွေးဖွားလာခဲ့တယ် ဒီလိုနဲ့ နှစ်ယောက်သား သမီးရည်းစားဖြစ်ရာကနေ လက်ထပ်ကြမယ်ဆိုရောပေါ့ ဒါပေမယ့် လက်မထပ်ခင် ရက်ပိုင်းအလိုမှာ မိုင်းတစ်ယောက် အမည်မသိ ရှားပါးရောဂါတစ်ခုရဲ့ဝေဒနာကို ခံစားခဲ့ရပြီး ကိုမာဝင်သွားခဲ့ပါတယ် ပုံမှန် သာမန်အချစ်မျိုးနဲ့သူတွေဆို ဒီလိုဘယ်တော့မှ သတိရမယ်မှန်းမသိတဲ့ သူတစ်ယောက်ကို စွန့်ခွာပြီး နောက်တစ်ယောက်အသစ်ထပ်ရှာမှာပေါ့ ဒါပေမယ့် ကတိတစ်ခု သစ္စာတရားကို တန်ဖိုးထားတဲ့ လူရိုးကြီး ...
JoJo’s Bizarre Adventure: Diamond Is Unbreakable – Chapter 1
5.8

JoJo’s Bizarre Adventure: Diamond Is Unbreakable – Chapter 1

JoJo's Bizarre Adventures:Diamond is Unbreakable Chapter 1 မြန်မာစာတန်းထိုးဂျပန်ရုပ်ရှင် ကိုအိချိ(Ryuunosuke Kamiki)ဟာ မိုရိအို-ချိုဆိုတဲ့ မြို့ကလေးကို လွန်ခဲ့တဲ့သုံးရက်ကမှ ပြောင်းရွှေ့လာသူပါ သူဟာကျောင်းစတက်တဲ့နေ့မှာပဲ လမ်းသရဲနှစ်ယောက်ရဲ့အနိုင်ကျင့်ခြင်းကိုခံခဲ့ရပါတယ် အဲ့ဒီ့မှာ ဂျိုဆုကဲ(Kento Yamazaki) နဲ့တွေ့ပြီး ဂျိုဆုကဲရဲ့ကယ်တင်ခြင်းကိုခံလိုက်ရပါတယ် ဒါပေမယ့် ဂျိုဆုကဲ က အဲ့ဒီ့လမ်းသရဲနှစ်ယောက်ကို ဘယ်လို အလဲထိုးလိုက်လဲ ကိုအိချိမသိခဲ့ပါဘူး အဲ့ဒီ့အချိန်က ကွင်းဆက်လူသတ်သမားကြီး အန်ဂျလို ထွက်ပြေးလွတ်မြောက်နတဲ့အချိန်ဖြစ်ပြီး အဲ့ဒီ့လူသတ်သမားကြီးနဲ့ ဂျိုဆုကဲ နဲ့ တိုက်ဆိုင်မှုတွေကြောင့် ဘယ်လိုဘယ်ပုံတွေငြိစွန်းကြမယ် လူသတ်သမားကြီးရဲ့ နောက်ကွယ်က ဘယ်သူလဲဆိုတာတွေကို CGI ကောင်ူကောင်းသရုပ်ဆောင်အင်အားအစုံအလင်တို့နဲ့ကြည့်ရှုရမှာ ဖြစ်ပါတယ် သရုပ်ဆောင်အင်အားကို တစ်ချက်ပြောပြချင်ပါတယ်ဗျ သူတို့တွေကတော့ နှုတ်ခမ်းနီမလေးတို့ရဲ့ အချစ်တော် Kento Yamazaki နာမည်ကြီး Your Name ဇာတ်ကားမှ တကိ-ကွန်းရဲ့အသံသရုပ်ဆောင် Bakuman Live action မှာ Takeru Satoh နဲ့တူတူတွဲသရုပ်ဆောင်ခဲ့သူဖြစ်တဲ့ Ryuunosuke Kamiki Tomorrow I'll date ...
Enoshima Prism
6.0

Enoshima Prism

Enoshima Prism (2013) ဒီဇာတ်ကားလေးကတော့ 2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Japanese Comedy , Sci-Fi ဇာတ်ကားလေးတစ်ခုပါ … အဓိက သရုပ်ဆောင်တွေအဖြစ် Sota Fukushi နှင့် Tsubasa Honda တို့က ပါဝင် သရုပ်ဆောင်ထားပါတယ် … ဇာတ်လမ်းအကျဉ်းလေးကတော့ – ငယ်ငယ်ကတည်းက အရမ်းခင်ခဲ့တဲ့ သူငယ်ချင်း၃ယောက် … တယောက်သေဆုံးသွားတဲ့အခါမှာ ရှူတဟာ သူ့ကြောင့် ဆခု သေရတယ်လို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေခဲ့ပါတယ် … ဆခု ရဲ့ နှစ်ပတ်လည်နေ့မှာ ဆခု မသေဆုံးခင် တစ်ရက်အလိုကို ရှူတ က မထင်မှတ်ပဲရောက်သွားတဲ့အခါမှာတော့ … သူ့သူငယ်ချင်းဖြစ်သူ ဆခု ရဲ့ အသက်ကို ကယ်တင်နိုင်ပြီး အတိတ်ကို ပြန်လည်ပြင်ဆင်ကာ အနာဂတ်ကို ပြောင်းလဲနိုင်မလား ?? ဒါမှမဟုတ် ကံကြမ္မာရဲ့အလိုကိုပဲ လက်ခံလိုက်ရမလား ?? ကိုတော့ Enoshima Prism ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ...